ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားပြောင်းလဲမှု ဘယ်လို ရင်ဆိုင်မလဲ
အမျိုးသမီး အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေတွေ ကြည်လင်လှပလာတာ၊ ပါးမို့မို့ ရဲရဲလေးတွေ ဖြစ်လာတာ၊ ဆံသားတွေ တောက်ပလာတာကို ကြုံရတာမျိုး ရှိသလို အချို့ကတော့ ဝက်ခြံတွေဖြစ်တာ၊ အမဲစက်တွေနဲ့ အကြောပြတ်ရာတွေကို ခံစားရတာမျိုးလည်း ရှိပါတယ်။
ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြောင်းလဲမှုတွေကိ ဘယ်လိုရင်ဆိုင် ဖြေရှင်းရမလဲ ဆိုတဲ့အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားပြောင်းလဲမှု ဘယ်လို ရင်ဆိုင်မလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ သွေလည်ပတ်မှုကောင်းတာကြောင့် glowလာတဲ့ အသားအရေကို ရင်ဆိုင်ဖို့ နည်းလမ်းမလိုပေမယ့်
· ဝက်ခြံ
· အမဲစက်
အကြောပြတ်ရာ
· သွေးကြောထုံးတာ
· အသားခြောက်တာ
· အရေပြား ယားယံတာတွေကိုတော့ ဖြေရှင်းဖို့လိုပါမယ်။
ဘယ်လို ဖြေရှင်းမလဲ?
ဘယ်လို ဖြေရှင်းမလဲဆိုတော့
· နေလောင်ကာ ခရင်မ်လိမ်းပါ
မျက်နှာ နဲ့ အသားအရေကို နေ့စဉ် နေလောင်ကာခရင်မ် လိမ်းပါ။ နေရောင်ကြောင့် အသားအရေ ထိခိုက်တာကို ကာကွယ်ပေးသလို ဝက်ခြံနဲ့ အမဲစက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
· အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ
အရေပြားကို နေ့စဉ် scrub တိုက်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုဖယ်ရှားပေးတာက အသားအရေကိ ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
· အစိုဓာတ် ထိန်းပါ
အစိုဓာတ် ထိန်းပေးတဲ့ ရေချိုးဆပ်ပြာဂျယ်လ်တွေကို အသုံးပြုပေးလို့ ရသလို အစိုဓာတ် ထိန်း ခရင်မလိမ်းပေးလို့လည်း ရပါတယ်။ အသားအရေကို ကြေးချွတ်ပြီးချိန်တိုင်းနဲ့ သန့်စင်ပြီးချိန်တိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးတာကအရေပြား ကျန်းမာစေပြီး ခြောက်သွေ့တာ၊ ယားယံတာတွေကို သက်သာစေမှာပါ
ကိုယ်ဝန်ကြောင့် အကြောပြတ်ရာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ အစိုဓာတ်ထိန်းခရင်မ် မလိမ်းချင်ဘူးဆိုရင် အကြောပြတ်ရာတွေအတွက် အဆီတစ်မျိုးမျိုး လိမ်းပေးလို့ ရပါတယ်။
· လေ့ကျင့်ခန်း လုပ်ပေးပါ
လေ့ကျင့်ခန်း လုပ်ပေးတာက အရေပြားမှာ သွေးစီးဆင်းလည်ပတ်မှု ကောင်းစေပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေပြီး ဝက်ခြံကင်းစေမှာပါ။
ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။
· ရေပုံမှန် ချိုးပါ
ရေချိုးတာကလည်း အရေပြားပေါ်က ဘက်တီးရီးယားတွေ မှိုပိုးတွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် အရေပြား ပြဿနာ ကင်းစေမှာပါ။ ရေချိုးတဲ့အခါ ဆပ်ပြာခပ်ပြင်းပြင်းတွေကို မသုံးပါနဲ့။
· ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ
ရေ လုံလောက်အောင် သောက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ် ပြည့်ဝဖို့ဆိုရင် ပုံမှန်ထက် ပိုပြီး သောက်ဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝမှုက အရေပြား ကျန်းမာစေပြီး အရေပြား ပြဿနာ ကင်းစေပါတယ။
· အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝတာကလည်း အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးသလို မေမေရော ရင်သွေးလေးကိုပါ ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဝ အိပ်ဖို့လည်း မမေ့ပါနဲ့။
ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြား ပြဿနာ ကင်းစေဖို့
· အသားအရေကို ခြောက်သွေ့သန့်ရှင်းအောင် ဂရုစိုက်ပါ။
· အရေပြား ပြဿနာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာ ပြသပြီး ဆေးကုသမှု ခံယူပါ။
· မျက်နှာပေါ်က ဝက်ခြံတွေအတွက် သင့်တော်တဲ့ မျက်နှာသစ်ဆေး သုံးပေးပါ။
ရေးသားသူ - မွန်မွန်